GKK99

Home » Roulette ကစားနည်းများ » Dragon-Tiger ကစားနည်း

Dragon-Tiger ကစားနည်း

Dragon Tiger
Dragon နှင့် Tiger ကစားနည်းတွင် တစ်ဖက်အတွက် ဖဲချပ်တစ်ချပ်စီသာဖြန့်ဝေပေးပါတယ်။ကိန်းဂဏန်းကြီးသည့်ဘက်က အနိုင်ရရှိမှာဖြစ်ပါတယ်။ ဂဏန်းနံပတ် A သည် ဒီကစားနည်းတွင်ပါဝါအသေးဆုံးကိန်းဂဏန်းဖြစ်ပြီး ဂဏန်းနံပတ် K သည်အကြီးဆုံးကိန်းဂဏန်းဖြစ်ပါတယ်။ Dragon နဲ့ Tiger သာမက အပွင့်တူ TIE  (၁၁ဆ) နဲ့ တစ်ပုံစံတည်းတူ Suited Tie (၅၀ ဆ) ကိုလဲ ကစားလို့ရပါတယ်။
Dragon-Tiger ကစားနည်း
Dragon Tiger ကာစီနို ထိုးနည်းဗျူဟာတွေကတော့ မျိုးစုံလှပါတယ်။ သူတို့စီစဉ်ပေးထားတဲ့ (၆)လှည့်တစ်တန်း ကလန်ဒါကို မကြိုက်ဘူးဆိုရင်လည်း (၇)လှည့်တစ်တန်း ၊ ၅လှည့်တစ်တန်း စသဖြင့် ကိုယ့်ဘာသာ ကလန်ဒါ လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ပွဲနဲ့ တစ်ပွဲ တစ်လှည့်နဲ့တစ်လှည့် အလွန်မြန်ဆန်တဲ့အတွက် ကိုယ့်ဘာသာ ကလန်ဒါလုပ်ရတာက ဗျာများရပါလိမ့်မယ်။ ဒီကစားနည်းနဲ့ ပက်သက်ပြီး သချာၤပညာရှင်တစ်ယောက်ကို မေးမြန်းကြည့်တဲ့အခါ တစ်လှည့်ကို စက္ကန့်ပိုင်းလောက်ပဲ စဉ်းစားချိန် ပေးထားတာဟာ ဒိုင်ကို အသာရစေတယ်တဲ့ ။ အလှည့်တိုင်း ကစားတာဟာ ဒိုင်ကို အသာရစေတယ်တဲ့။ သူပြောတာ အရမ်းမှန်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ။ ဒီကစားနည်းက လောဘ ဒေါသအပြင် မောဟ ဆိုတဲ့ တွေဝေနစ်မျောခြင်းလည်း ဒုက္ခပေးလေ့ ရှိပါတယ်။ ဒါဆို နိုင်အောင် ဘယ်လို ကစားမလဲ ။
 
Dragon tiger
နိုင်အောင် ကစားနည်း

ဆတိုး နဲ့လိုက်တာဟာ လူသားဖြစ်တဲ့အတွက် အန္တရာယ်များလွန်းသလို ငွေအရင်းအနှီး ကြီးမားပါတယ်။ ဒိုင်မှာက လိုက်စရာ ငွေထုပ်အပြည့်ရှိပြီး ထိုးသားက လိုက်စရာ အပြည့်ရှိချင်မှ ရှိပါမယ်။ အပူး အခွ tie ဗျူဟာတွေမှာ ထိုးသားကို အားသာစေတာက Tie ဗျူဟာပါပဲ။ Tie ကို သေသေချာချာ လေ့လာပြီး ဗျူဟာချမှတ်သင့်ပါတယ်။ ဒါလည်း ဆတိုးနဲ့လိုက်ရခြင်း တစ်မျိုးပါပဲ။ Dragon Tiger ကာစီနို ကစားနည်းမှာ ကျနော်လေ့လာတွေ့ရှိရသလောက် နိုင်အောင် ကစားနည်းကတော့ စောင့်ဖမ်းခြင်းပါပဲ။ တစ်နည်းအားဖြင့် ငါးမျှားခြင်းဗျူဟာပါပဲ။ ဆတိုးနဲ့ လိုက်ရရင်လည်း ငါးမျှားခြင်း ဗျူဟာက အများကြီး လိုက်စရာ မလိုသလို ဒိုင်ရဲ့ အားသာချက်တွေကိုလည်း အလိုအလျောက် ချေဖျက်ပြီးသားပါပဲ။ ဟုတ်ပါတယ်။ စောင့်ဖမ်းရပါမယ်။ တစ်နာရီ ပွဲကြီး တစ်ပွဲစာအတွင်း အကြိုက်ဆုံးအလှည့် အကြိုက်ဆုံးအနေအထားကို စောင့်ဖမ်းရပါမယ်။ ဒီနေရာမှာ ၆လှည့်လောက် Dragon ပျောက်နေချိန် Tiger ကို စောင့်ဖမ်းတာမျိုး ဆိုလိုတာ မဟုတ်ပါဘူး။ ပျောက်နေတာကို ဘယ်တော့မှ မလိုက်ပါနဲ့။ တစ်ခုတော့ ရှိပါတယ်။ ၁၂နှစ်လှည့်လောက် ပျောက်နေပြီဆိုရင်တော့ လိုက်သင့်ပါတယ်။ ကျနော်လေ့လာကြည့်သလောက် အလွန်ဆုံး (၁၅)လှည့် ၊ (၁၆)လှည့်လောက်ပဲ ပျောက်တာများပါတယ်။ တစ်လှည့်ကို စက္ကန့်ပိုင်းလောက် ကြာပြီး ပွဲကြီးတစ်ပွဲစာက တစ်နာရီဝန်းကျင် ကြာပါတယ်။ ပွဲကြီးတစ်ပွဲအတွင်း စိတ်ရှည်ရှည်နဲ့ စောင့်ကစားပါ။ ဒီလို စောင့်ဖမ်းတတ်ဖို့ကလည်း အတွေ့အကြုံတော့ လိုပါတယ်။ အခုမှ စ ကစားတဲ့သူ ဆိုရင်တော့ အပူးဗျူဟာကို အနည်းဆုံးထိုးကြေးနဲ့ ကစားပြီး ကစားနည်းအကြောင်း နားလည်အောင် အချိန်ယူသင့်ပါတယ်။ ဘာတွေကို စောင့်ဖမ်းရမှာလဲ ။ ဒါကတော့ ကိုယ့်အတွေ့အကြုံ ကိုယ့်ဗျူဟာအပေါ် မူတည်ပြီး စောင့်ဖမ်းသင့်ပါတယ်။ ဒါက ဘယ်လောင်းကစားမှာ မဆို ငါးမျှားခြင်းဗျူဟာက ထိုးသားကို အားသာစေတဲ့ ဗျူဟာပါပဲ။ ဆတိုးကို အလှည့်များစွာ မလိုက်ပါနဲ့ ။ စောင့်ဖမ်းပါ။ လောဘအရမ်းမကြီးပါနဲ့။ ဒေါသ မထွက်ပါနဲ့ ။ ဗျူဟာချမှတ်ပြီး စက်ရုပ်ဆန်ဆန် ကစားပါ။

Dragon tiger

ပထမဉီးစွာ အကြုံပြုလိုတာကတော့ လောင်းကစားဆိုတာ လောင်းကစားဖြစ်သည်။  လောင်းကစားပြုလုပ်သူများ မှတ်သားသင့်တဲ့အတိုင်း 
 ၁. စိတ်ခံစားမှုနောက် မလိုက်ပါနဲ့။..(ခံစားမှုနောက်လိုက်ပါက အဆုံးတွင် အရှုံးနှင်သာ ရင်ဆိုင်ရပါမည်။

၂. STOP LOSS, TAKE PROFIT သတ်မှတ်ပါ. 
( Stop Loss = ဘယ်လောက်ရှုံးရင် ရပ်မယ် ,
အရှုံးများခြင်းမှ ရှောင်ကျဉ်ပါ..ကစားသူသည် အရှုံးများကို ပြန်လည်ရယူလိုသောကြောင့် လိုက်လေ နစ်လေ ဖြစ်တတ်သည်။ မိမိ ရှုံးနိုင်သော ပမဏရောက်လျှင် မဖြစ်မနေရပ်ပါ။
Take Profit = ဘယ်လောက် အနိုင်ရရင် ရပ်မယ်)

၃. မိမိတတ်နိုင်သော ငွေဖြင့်သာ ကစားပါ. သူတစ်ပါးငွေဖြင့် မကစားပါနှင့်..
( ချေးငှားပြီးဖြစ်စေ, ပေါင်နှံပြီးဖြစ်စေ, တခြားသူ၏ငွေကို လှည့်ပတ်ပြီးဖြစ်စေ မကစားပါနှင့် သို့မှသာလျှင် အကြွေးကိစ္စများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ )

၄. အချိန်သတ်မှတ်ပါ။  ကစားမည်အချိန်တွင် အနှောက်အယှက်များ မရှိစေရန်အတွက် အချိန်ကို သတ်မှတ်ကစားသင့်ပါတယ်။ အနှောက်အယှက်ဝင်လာပါက စိတ်ခံစားမှုကို အပြောင်းအလဲ ဖြစ်နိုင်သောကြောင့်. လောင်းကစားခြင်းကို ထိခိုက်နိုင်ပါသည်။

၅. အရက်မူးချိန်, အပျော်လွန်နေချိန်, စိတ်ဖိစီးမှုများနေချိန်, စိတ်မမှန်နိုင်သည့် အချိန်များတွင် ဘယ်သောအခါမှ လောင်းကစားခြင်းကို မပြုလုပ်ပါနှင့်။

၆. ကံကို ယုံပြီး ပုံအောခြင်းများ ရှောင်ကျဉ်ပါ။ အမြဲတမ်း ကံမကောင်းနိုင်ပါ။ ထို့ကြောင့် ရပ်ချိန်တန်ရပ်ပြီး စိတ်ကို အနားပေးပါ။

၇. အရင်းရှိလျှင် ပြန်ရနိုင်သည် ကို မှတ်ထားပါ။ ထိုကြောင့် All IN ကို ရှောင်ပါ..

၂၄ နာရီ ဝန်ဆောင်မှုဖြင့် အလျှင်မြန်ဆုံး ငွေသွင်းငွေထုတ်ဆောင်ရွက်ပေးပါသည်။​